Social Icons

Pages

Featured Posts

Sunday, August 18, 2013

down speed ကို လျင်မြန်စေတဲ့Mipony download manager လေးပါ.. full version လေးဖြစ်ပါတယ်..သုံးကြည့်ချင်တဲ့သူများအောက်ကလင့်ခ်မှာ ဒေါင်းလုပ်ဆွဲနိုင်ပါတယ်ဗျာ...


http://www.downloadmanagerapp.com/gb/si/?adnm=20472619242&i=s&grid=&lg=EN&cc=RU&clg=en&c=1&d=0&cid=_242700021&kw=idm%20download&mt=p&mn=&ct=&nt=T&expr=&ap=1t1&dv=c&agid=_2679294006

ရုရှားရောက်မြန်မာကျောင်းသားများမှ မြန်မာနိုင်ငံသားအားလုံးရဲ့စည်းလုံးညီညွတ်မှုကိုဖော်ပြတဲ့အနေနဲ့ "စည်းလုံးခြင်းသည်အင်အား"ဆိုတဲ့သီချင်းနဲ့ကပြဖျော်ဖြေနေတာဖြစ်ပါတယ်...


ရုရှားနိုင်ငံရဲ့အထင်ကရနေရာတစ်ခုပါ(киевский вокзал)လို့ခေါ်ပါတယ်..


ချစ်သူအတွက်...


ချစ်သူအတွက်

ကိုယ်ကမင်းရဲ့ နေမ၀င်အချစ်မဟုတ်ခဲ့ရင်တောင်
ဆည်းဆာချိန်လေးမှာ ရပ်တန့်နေပါရစေ
မင်းရဲ့ကောင်းကင်တစ်ခု မဖြစ်ခဲ့ရင်တောင်
မင်းကိုအရိပ်ပေးမယ့် တိမ်စိုင်းလေးတော့ဖြစ်ပါရစေ
မင်းဘ၀ရဲ့လမင်းကြီမဟုတ်ခဲ့ရင်တောင်
မင်းကိုလမ်းပြမယ့် ကြယ်တစ်ပွင့်တော့ဖြစ်ပါစေ
မင်းဘေး အချိန်တိုင်းနေခွင့်မရရင်တောင်
မင်းအနားက အရိပ်လေးတော့ဖြစ်ပါရစေ
မင်းအတွက် တောက်ပတဲ့အလင်း မဖြစ်ချင်နေပါ
မင်းအတွက်ဖရောင်းတိုင်လေးတော့ဖြစ်ပါရေ
စမင်းရဲ့အချစ်ဦးမဟုတ်ခဲ့ရင်တောင်
မင်းရဲအချစ်ဆုံးတော့ဖြစ်ပါရစေ
ချစ်သူ….မင်းကိုယ့်ကို
ချစ်ရင်ချစ်မယ် မုန်းရင်မုန်းမယ်
သနားရင်သနားမယ်
ရက်စက်ရင်ရက်စက်မယ်
မခန့်မှန်းနိုင်ပေမယ့်
ကိုယ်ကတော့
သစ္စာဆိုရဲပါတယ်
                                                  ကိုယ်မင်းကို သိပ်ချစ်တယ်

ဒါကတော့ pc တွေတွက် viber software လေးပါ.. အသုံးလိုရင်အောက်မှာဒေါင်းသွားလိုက်ပါ...

http://www.viber.com/

အမေရိကန် ပြည်ထောင်စုတွင် ၁၂ နှစ်အရွယ် အမျိုးသားငယ်တစ်ဦး ဦးနှောက် ပျက်စီးစေသည့် ပိုးတစ်မျိုး ကူးစက်ခံရ


အမေရိကန် ပြည်ထောင်စုတွင် ၁၂ နှစ်အရွယ် အမျိုးသားငယ်တစ်ဦး ဦးနှောက် ပျက်စီးစေသည့် ပိုးတစ်မျိုး ကူးစက်ခံရ
ဝါရှင်တန်  သြဂုတ်  ၁၇
အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့တွင် အသက် ၁၂ နှစ်အရွယ် အမျိုးသားငယ် တစ်ဦးသည်
ကြုံခေါင့်ကြုံခဲလှသည့် ဦးနှောက်ပျက်စီးစေသည့် ပိုးတစ်မျိုး ကူးစက်ခြင်း ခံခဲ့ရကြောင်း ဒေးလီးမေးလ် သတင်းဌာန၏ ထုတ်ဖော် ပြောကြားချက်အရ သိရသည်။
မာချရီရေနာ အမည်ရှိ အဆိုပါ အမျိုး သားငယ်လေးသည် ၎င်း၏ သူငယ်ချင်းများနှင့် အတူ ရေပက်ကစား နေစဉ် ယင်းပိုးသည် ၎င်း၏ နှာခေါင်းမှ တစ်ဆင့် ဦးနှောက်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု  ယူဆ ရကြောင်း ၎င်းသတင်းဌာနက ဆက်လက် ပြောကြားခဲ့သည်။
အဆိုပါ ပိုးသည် ရေကန်၊ ရေအိုင်နှင့် တူးမြောင်းကဲ့သို့ ရေ၊ မြေကြီးနှင့် စိုစွတ်သော နေရာများတွင် နေထိုင် ကျက်စားလေ့ရှိပြီး ၎င်းပိုး ကူးစက်ခံရပါက ၎င်းပိုးသည် ဦးနှောက် တစ်သျှူးများကို တဖြည်းဖြည်း ဝါးမျို ဖျက်ဆီး တတ်သောကြောင့် အသက် ဆုံးရှုံးနိုင်ခြေ ၉၈ ရာခိုင်နှုန်း ရှိကြောင်း၊ ၎င်းရောဂါပိုးကို antifungal ဆေးဝါးဖြင့် ကုသနိုင်သော်လည်း အောင်မြင်မှုနှုန်းမှာ အလွန် နည်းပါးကြောင်း၊ ယနေ့ထိ ၎င်း ရောဂါပိုး ကူးစက်ခံရသူ နှစ်ဦး သို့မဟုတ် သုံးဦးသာလျှင် ပြန်လည် ကောင်းမွန်လာသည်ကို တွေ့ရှိရကြောင်း သတင်း ဌာန၏ ထုတ်ဖော် ပြောကြားချက်များ အရ သိရသည်။

အီဂျစ်နိုင်ငံ အပေါ် တုံ့ပြန်မှုများ ပြုလုပ်သွားရန် ဥရောပသမဂ္ဂအား ဟော်လန်ဒ်နှင့် ကင်မရွန်း တောင်းဆို


အီဂျစ်နိုင်ငံ အပေါ် တုံ့ပြန်မှုများ ပြုလုပ်သွားရန် ဥရောပသမဂ္ဂအား ဟော်လန်ဒ်နှင့် ကင်မရွန်း တောင်းဆို

ပဲရစ်   သြဂုတ်  ၁၇
ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်ဒ်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ နှစ်ဦးသည် သြဂုတ် ၁၆ ရက် တွင် တယ်လီဖုန်းမှ တစ်ဆင့် အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။
၎င်းတို့နှစ်ဦးသည် အီဂျစ်နိုင်ငံ၏ ဆန္ဒပြမှုများကို အစိုးရက အကြမ်းဖက် ဖြိုခွင်းမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြကြောင်း ပြင်သစ် သမ္မတရုံးမှ ထုတ်ပြန်သော အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။
အီဂျစ်နိုင်ငံ၏ မတိုးသာ မဆုတ်သာ အခြေအနေနှင့် စပ်လျဉ်း၍ ဥရောပ သမဂ္ဂမှ ထိရောက်စွာ တုံ့ပြန် သွားရန် လိုအပ်နေပြီ ဖြစ်ပြီး အီဂျစ်နိုင်ငံနှင့် ၎င်းတို့၏ ဆက်ဆံရေးကို ပြန်လည် သုံးသပ်ပေးရန် ဥရောပ သမဂ္ဂအား ပြင်သစ်နှင့် ဗြိတိန် နှစ်နိုင်ငံ ခေါင်းဆောင်များက တောင်းဆိုခဲ့ကြောင်း သိရသည်။
အီဂျစ်နိုင်ငံတွင် မကြာမီ ရက်များက ဖြစ်ပေါ်ခဲ့သော ပြင်းထန်သည့် အကြမ်းဖက် နှိမ်နင်းမှုများနှင့် စပ်လျဉ်း၍ လည်းစိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းတို့နှစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သည်။
ထို့နောက် ဟော်လန်ဒ်သည် ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျဲလာမာကယ်နှင့် အီတလီ ဝန်ကြီးချုပ် အွန်ရီကို လက်တာတို့ နှစ်ဦးနှင့်လည်း သြဂုတ် ၁၆ ရက် အစောပိုင်းက ဆွေးနွေးခဲ့သည်ဟု သိရသည်။
ယင်းကဲ့သို့ ဆွေးနွေးစဉ်၌ အီဂျစ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများကို အဆုံးသတ်စေရန်၊ အမျိုးသားရေး ဆွေးနွေးပွဲများ ပြန်လည် ကျင်းပရန်နှင့် အီဂျစ်နိုင်ငံ၏ အခြေအနေအပေါ် ဥရောပ သမဂ္ဂမှ တုံ့ပြန်မှုများ ပြုလုပ်သွားကြရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
 

Sample Text